Please Take Time to Sharpen the Axe.....
ထင်းခုတ်သမား တစ်ဦးဟာ သူဌေးဖြစ်သူရဲ့ အားပေး စကားကြောင့် နောက်ရက်ကစပြီး ထင်းတွေကို ကြိုးစားပမ်းစား ခုတ်တယ်.... ပထမနေ့မှာ ထင်းအရေအတွက် အတော်များများကို ခုတ်နိုင်ခဲ့တယ်...
ဒုတိယမြောက်နေ့မှာလည်း ပိုပြီးတော့တောင် ကြိုးစားပမ်းစား ခုတ်ခဲ့တယ်... ဒါပေမယ့် ပထမရက်လောက် ထင်းအရေအတွက်များများ မရခဲ့ဘူး...
ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ရက်ပေါင်းစွာ ဆထက်တံပိုး ကြိုးစားပြီး ထင်းတွေ ခုတ်လာခဲ့တယ်... ကြိုးစားသလောက်လည်း ရလာဒ်က ပိုပိုပြီး နည်းနည်းလာတယ်...
ဒီအခါ ထင်းခုတ်သမားက သံသယစိတ်ဝင်ပြီး... "ငါ့ခွန်အားတွေ ဆုံးရှုံးကုန်လို့ ဖြစ်ရမယ်..." ဆိုပြီး သူ့ကိုယ့်သူ ထင်မြင်ယူဆလိုက်တယ်...
နောက်တစ်နေ့ နံက်မှာ ထင်းခုတ်သမားဟာ သူဌေးဖြစ်သူထံသွားပြီး အဖြစ်အပျက်တွေ အားလုံးကို ပြောပြပြီး တောင်းပန်တယ်...
ဒီအခါ သူဌေးဖြစ်သူက... "မင်းရဲ့ ရဲတင်းကို မသွေးဖြစ်တာ ဘယ်လောက်ကြာပြီလဲကွ...?" လို့ ဆိုပြီး ထင်းခုတ်သမားကို မေးလိုက်တယ်...
ဒီအခါ ထင်းခုတ်သမားက... "ရဲတင်းသွေးဖို့ ဟုတ်လား သူဌေး...? ကျွန်တော့မှာ နေ့စဉ် ထင်းတွေကို ကြိုးစားပမ်းစားခုတ်ရင်း အလုပ်များနေလို့ ရဲတင်းသွေးဖို့တောင် အချိန် မရှိပါဘူးခင်ဗျာ...." ဆိုပြီး ပြန်ဖြေလိုက်လေ သတည်း...။
'Our lives are like that... We sometimes get so busy that we don't take time to sharpen the axe...!!!
:'( :'( :'( :-( :-( :-( :'( :'( :'(
ကိုမျိုး
©Teluguone/google
Monday, November 7, 2016
Please Take Time to Sharpen the Axe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment