Monday, November 14, 2016

ငါမမူးသေးဘူး ငါမမူးသေးဘူး

"ငါမမူးသေးဘူး၊ ငါမမူးသေးဘူး"
~~~~~~~~~~~~~~~~


အရက်ဆိုင်တဆိုင်အတွင်းမှာ... ...
အမူးသမားတစ်ယောက်က အရက်ထပ်မှာတော့ ဘားကောင်တာစာရေးက ရောင်းမပေးတော့ဘူး...

"ခင်ဗျား တအားမူးနေပြီ၊ မသောက်နဲ့တော့"
"မဝူးတေးပါဝူးကွ"
"ဆောဒီးဗျာ၊ ရောင်းမပေးနိုင်တော့ဘူး"

...ဆိုတော့
အမူးသမားက တံခါးပေါက်နားမှာ ရှိနေတဲ့ ကြောင်ကို လက်ညိုးထိုးပြပြီး ပြောတယ်... ...

"ငါမဝူးတေးဝူးဆိုဒါ တက်တေပြမယ်၊ ခု တံခါးပေါက်ကနေ ဝင်လာတဲ့ ကြောင်ကိုကြည့်၊ တူ့ရဲ့ မျက်လုံးနှစ်လုံးကို ငါတဲတဲကွဲကွဲ မြင်ရတယ်၊ ဒဂယ်လို့ ငါမူးနေရင် တူ့မျက်လုံးက လေးလုံးလို့ မြင်မှာပေါ့ကွ... ကဲ"

ဒီတော့ ကောင်တာစာရေး ပြန်ပြောတယ်... ...

"ခင်ဗျားတော့ ကျုပ်ထင်တာထက် ပိုမူးနေပြီ"
"ဘာရို့ရဲကွ"

"ကြောင်က ဝင်လာတာမဟုတ်ဘူး၊ ထွက်သွားတာ"
"ဟင်... ဟုတ်ရား"


သန်၎ကို-ဘာသာပြန်သည်။


No comments:

Post a Comment