👧👦 သင်ခန်းစာယူစရာလေးပေါ့နော်
တခါတုန်းက ရွာတစ်ရွာမှာ ပင်စင်စား အဘိုးအိုတစ်ဦးနှင့် နည်းပညာသမား လူငယ်တစ်ဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြပါတယ်။
သူတို့နှစ်ယောက်စလုံး ခြံ၏ထောင့်တစ်ဖက်စီတွင် မျိုးတူ အပင်ပေါက်တစ်ပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြတယ်။ 🌿🌱
လူငယ်ကတော့ သူရဲ့အပင်များကို ရေများများလောင်း၊ မြေသြဇာအများအပြားကျွေးလေ့ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာအနည်းငယ်ကိုသာ အပင်များကို ပေးလေ့ရှိတယ်။
လူငယ်ရဲ့ အပင်တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာတောင့်တင်းသော အပင်များအဖြစ် ကြီးထွားလာပါတယ်။ 🌴🌴
အဘိုးအိုရဲ့ အပင်များကတော့ သာမန်လောက်သာကြီးထွားသော်လည်း လူငယ်၏အပင်များထက် ပိုမိုကြံ့ခိုင်သန်စွမ်းလေသည်။🌴🌴
တစ်ညတွင် မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်လေသည်။⛈🌩🌨
နောက်တစ်နေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏အခြေအနေကို နှစ်ယောက်လုံးတူတူထွက်ကြည့်ကြလေသည်။
လူငယ်မှာ သူ၏အပင်များမှာအမြစ်မှကျွတ်ထွက်ကုန်ပြီး😔😔 သူ၏အိမ်နီးချင်းရဲ့အပင်များမှာ အပျက်အစီးမရှိကြောင်း အံ့သြဖွယ်တွေ့ရလေသည်။
လူငယ်လဲ အဘိုးအို၏ အပင်များမှာ အနည်းငယ်မျှသာ ဂရုစိုက်ခံရသော်လည်း ကောင်းစွာဂရုစိုက်ထားသော သူ၏အပင်များကသာ ဘာကြောင့်အမြစ်မှကျွတ်ထွက်ရသလဲဟု အဘိုးအိုအားမေးမြန်းလေသည်။
အဘိုးအိုက
"" ကောင်လေး မင်းကြည့်ကြည့်၊ မင်းက အပင်တစ်ပင်မှာလိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။ လိုသမျှ အလျံအပယ်ရနေတော့ အပင်က ရှာဖို့ဖွေဖို့ ဘယ်ကိုမှသွားစရာမလိုတော့ဘူးရယ်။ မင်းအပင်ရဲ့အမြစ်တွေက အောက်ကိုထိုးဖောက်ဆင်းစရာမှမလိုတော့တာ။👈
ငါကတော့ အပင်တွေကို သူတို့အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ပေးတယ်။ လိုအပ်ချက်အားလုံးပြည့်ဝဖို့အတွက် အပင်ရဲ့ကျန်တဲ့အမြစ်တွေဟာ မြေကြီးအောက်ထဲထိုးဖောက်ပြီး ရှာဖွေရတယ်။
အဲဒီအတွက် သင့်အပင်ရဲ့အမြစ်တွေဟာ အပေါ်ယံမှာပဲရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲကျရောက်သွားခဲ့တယ်။
ငါ့အပင်ရဲ့အမြစ်တွေကတော့ တော်တော်လေး မြေကြီးထဲနက်နက်ရှိုင်းရှိုင်းတိုးဝင်နေတဲ့အတွက် သဘာဝတရားရဲ့အပြင်းအထန်တိုက်ခိုက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ 💪💪💪""
မိတ်ဆွေ သင်တို့ကော ကိုယ်ပြုစုပြိုးထောင်ပေးနေတဲ့ အပင်လေးတွေကို လိုတာထက်ပိုပြီး မြေသြဇာအများအပြားကျွေးလေ့ရှိသလား? 😍🤑🤗
ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင်လေ့ကျင့်ပေးကြပါသလား? ☝☝☝
အဘိုးအိုရဲ့အဖြေကပေးတဲ့ သင်ခန်းစာကို မိတ်ဆွေတို့ရဲ့ ကလေးငယ်များအား ပြုစုပျိုးထောင်တဲ့နေရာမှာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။😀
cd to original writer
Wednesday, November 22, 2017
👧👦 သင်ခန်းစာယူစရာလေးပေါ့နော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment