#ကံဆိုတာ .......
#တစ်ခါက သူဌေးတစ်ဦးဟာ ခြံတစ်ခြံဝယ်လိုက်တယ်။ ခြံထဲက အိမ်ကိုပြင်လိုက်တယ်။ ခြံနောက်မှာ နှစ်ချို့သစ်သီးပင်တွေရှိတယ်။ ဒီအိမ်ကိုဝယ်ရတဲ့အကြောင်းရင်းက အဲဒီသစ်သီးပင်တွေကြောင့်ပါပဲ။ အဲဒီအသီးတွေကို သူဌေးကတော်ကြိုက်နှစ်သက်လို့ပါ။
အိမ်ပြင်နေချိန်အတွင်းမှာ မိတ်ဆွေတချို့က ဖုန်းရွှေဆရာခေါ်ပြီး ဖုန်းရွှေကြည့်ဖို့ သူဌေးကိုအကြံပေးတယ်။ သူဌေးက ဒါတွေကို အယုံအကြည်ရှိသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိတ်ဆွေတွေကအကြံပေးတော့ ဖုန်းရွှေဆရာခေါ်ဖို့ စဉ်းစားလိုက်တယ်။
ဖုန်းရွှေဆရာက နာမည်ကြီးတစ်ဦးပါ။ ဆရာကို အဝေးကြီးကနေ ပင့်ဖိတ်ပြီး ဘူတာမှာ သူဌေးကိုယ်တိုင်သွားကြိုခဲ့ပါတယ်။ ဆရာကိုခေါ်ပြီး အိမ်ကိုပြန်ရာလမ်းမှာ သူဌေးဟာ သူ့ကားကိုကျော်ဖို့ကြိုးစားတဲ့ ကားတိုင်းကို လမ်းဖယ်ပေးခဲ့ပါတယ်။
ဒါကို ဖုန်းရွှေဆရာကတွေ့တော့ “ခင်ဗျားကားမောင်းတာ တော်တော်တည်ငြိမ်တာပဲ” လို့ဆိုတယ်။
သူဌေးက “ကားကျော်ဖို့ကြိုးစားသူတိုင်းဟာ အရေးကြီးတဲ့ကိစ္စတစ်ခုခု ရှိလို့နေမှာပါ။ သူတို့သွားလိုရာလမ်းမှာ အချိန်နှောင့်နှေးလို့မဖြစ်ဘူး” လို့ ရယ်ပြီး ပြောပါတယ်။
အိမ်နားရောက်ခါနီး လမ်းကျဉ်းတစ်ခုမှာ သူဌေးက ကားအရှိန်ကိုလျော့လိုက်ပါတယ်။
ကလေးငယ်တစ်ယောက် လမ်းကြားကနေ ပြုံးပြုံးရွှင်ရွှင် ထွက်ပြေးလာပါတယ်။ သူဌေးက ကားဘရိတ်အုပ်ပြီး လမ်းဘေးချထားလိုက်တယ်။ ကလေးငယ် ဖြတ်ကျော်သွားပေမယ့် သူဟာ ကားဆက်မမောင်းဘဲ ဘရိတ်ကိုနင်းပြီး လမ်းကြားဘက် ကြည့်နေတုန်းပါ။ တစ်ခုခုကို စောင့်နေသလိုပါပဲ… ခဏနေတော့ ကလေးငယ်နောက်တစ်ယောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ပြေးလာပြန်ပါတယ်။ ရှေ့ကပြေးသွားတဲ့ ကလေးနောက် လိုက်ပြေးသွားပါတယ်။
ဒါကို ဖုန်းရွှေဆရာက “နောက်မှာ ကလေးတစ်ယောက်ရှိသေးတယ်ဆိုတာ ခင်ဗျားဘယ်လိုသိလဲ” လို့မေးပါတယ်။
သူဌေးက ..
“ကလေးဆိုတာ တစ်ယောက်ကိုတစ်ယောက် ပြေးလိုက် .. လိုက်လိုက် ဆော့ကစားကြတယ်။ သူ့တစ်ယောက်တည်းနဲ့တော့ အဲလောက် ပြုံးပြုံးရွှင်ရွှင်ပြေးလွှားနေမှာ မဟုတ်လို့ပါ..” လို့ဆိုတယ်။
အိမ်ကိုပြန်ရောက်တော့ သူဌေးက ကားပေါ်ကဆင်းပြီး ခြံတံခါးဖွင့်ဖို့ သော့ထုတ်တော့ အိမ်နောက်ခြံထဲမှာ ငှက်တချို့ ရုတ်တရက် ထပြန်သွားတာကို တွေ့လိုက်တယ်။ သူဌေးက ခြံတံခါးမဖွင့်သေးဘဲ အားနာတဲ့ပုံစံနဲ့ “ဆရာ… ခဏလောက် စောင့်ပါနော်” လို့ဆိုတယ်။
ဘာကြောင့်လဲလို့ ဆရာကမေးတော့ သူဌေးက”အိမ်နောက်ခြံထဲမှာ ကလေးတွေ သစ်သီးဝင်ခိုးနေတယ်ထင်တယ်။ ကျွန်တော်တို့ အခုချိန်ဝင်သွားရင် ကလေးတွေလန့်ပြီး သစ်ပင်ပေါ်က ပြုတ်ကျရင် ခြေလက်တွေကျိုးမှာ စိုးတယ်။ သူတို့ကို ပေးခူးလိုက်မယ်… ကျွန်တော်တို့ ခြံပြင်ဘက်ကို အရင်ပတ်ကြည့်ကြတာပေါ့” လို့ဆိုတယ်။
သူဌေးရဲ့ပြောစကားကိုကြားတော့ ဆရာက တစ်ချက်စဉ်းစားလိုက်ပြီး “ကျွန်တော့်ကို ဘူတာပဲပြန်ပို့လိုက်ပါ။ ဒီအိမ်ရဲ့ ဖုန်းရွှေကို ကျွန်တော်မကြည့်တော့ပါဘူး” လို့ပြောတယ်။
သူဌေးက တအံ့တသြနဲ့ ဘာဖြစ်လို့လဲ မေးတော့ ဆရာက
“ဟုတ်ပါတယ်… ခင်ဗျားသာရှိရင် ခင်ဗျားရှိတဲ့အရပ်က တကယ့်ဖုန်းရွှေကောင်းတဲ့နေရာမို့ပါ” လို့ရှင်းပြတယ်။
လူရဲ့အပြုအမူက ဖုန်းရွှေဖြစ်သလို ကံတရားလည်းဖြစ်ပါတယ်။
အပြုအမူလုပ်ရပ် ကောင်းတယ်၊ ကြင်နာတတ်တယ်၊ ကိုယ်ချင်းစာတရားလက်ကိုင်ထားရင် သူဘယ်ရောက်ရောက် သူရောက်တဲ့အရပ်ဟာ ဖုန်းရွှေကောင်းတဲ့အရပ်ဖြစ်တယ်။
ဆန့်ကျင်ဘက်အနေနဲ့ အကျင့်စရိုက်မကောင်းသူ၊ ကိုယ်ချင်းစာတရား ကင်းမဲ့သူတွေဟာ ဘယ်လိုပဲ ကြိုးစားရုန်းကန်လည်း အကျိုးမဖြစ်ထွန်းပါဘူး။
ကိုယ်ကိုယ်တိုင်ဟာ အရာအားလုံးရဲ့ ရင်းမြစ်ဖြစ်ပါတယ်။
wechat မှာ ဖတ်မိတဲ့စာတစ်ပုဒ် ဘာသာပြန်မျှဝေပါတယ်။
Credit #NineNineSaNay
ပြန်လည်မျှဝေပေးပါသည်။
Ko Lusoe ဗဟုသုတလေးများစုစည်းရာ
Thursday, December 20, 2018
******ကံဆိုတာ******
Sunday, May 27, 2018
*မဟာဗောဓိမြိုင်ဆရာတော်ကြီး ပြောပြသော အိမ်မြှောင်စုတ်ထိုးခြင်းအကြောင်း*
သားတို့ သမီးတို့ . . .
အိမ်တစ်အိမ်မှာ ညနေ နေဝင်ခါနီးကွဲ့။
မီးဖိုချောင် စီးပွားသိုလှောင်ရာ အရပ်တို့က အိမ်မြှောင်စုတ်ထိုးသံကြားလျှင် အဲ့ဒါ သူတို့က သားတို့အတွက် စားသုံးဖို့ ပစ္စည်းလာထားတာတဲ့။
အချို့အိမ် ဆန်အိုး ဆန်မလျှော့ ဆီအိုး ဆီမဘောလျှာ့ ဖြစ်တတ်တယ်။
နမော်နမဲ့မို့ မသိကြတာ။
တစ်ခါတစ်ရံသူ ထားသလို ကိုယ်ထားသလိုလိုနဲ့ ငွေများလည်း ရတတ်တယ်။
အမှတ်မထင် ရွှေစ ကျောက်မျက်စလေးများလည်း ကောက်ရစေတတ်တယ်။
နတ်မတယ် ဆိုတာ နားကင်းကြီးနဲ့ ရော့ အင့် မျိုး မဟုတ်ဘူး။
အိမ်ရှေ့ခန်းက စုတ်ထိုးလျှင် မင်းမှုစိုးမှုများနဲ့ စကားများတတ်သတဲ့။
အိမ်လယ်ခန်းက စုတ်ထိုးလျှင် သားကိစ္စ သမီးကိစ္စ စကားပြောရတတ်သတဲ့။
အိပ်ခန်းထဲက စုတ်ထိုးလျှင်တော့ လင်မယားချင်းရန်ဖြစ်ကြကရော။
အိမ်မြှောင်ဆိုတာ ဈာန်ကွက် (ကသိုဏ်းကွက်) ဝင်နေတဲ့ မျက်လုံးရှင်ဆိုတော့ သူတို့ (နတ်)လာတာ မြင်ရ သိရသတဲ့။
ဒါကြောင့်အိမ်မြှောင်စုတ်ထိုးသံ ဆိုတာ လူနှင့် နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတသဖွယ်လည်း ရှိပါတယ်။
လူချမ်းသာ နတ်ချမ်းသာ ဆိုတာလည်း အပြန်အလှန် ဆက်သွယ်နေတာမို့ လူတို့ဘက်က ကောင်းအောင်နေပြဖို့ အရေးကြီးတယ်လို့ ဆိုသင့်လှပါတယ်။
( မဟာဗောဓိမြိုင် ဆရာတော် )
Friday, April 6, 2018
"စိတ်အရမ်း ညစ်နေတဲ့အခါ ဖတ်လိုက်ပါ"
ဒီစာလေးကို
စိတ်အရမ်းညစ်နေတဲ့ သူတွေ
လက်ရှိ အခြေအနေ တစ်ခုမှာ
အဆင်မပြေဖြစ်နေတဲ့ သူတွေအတွက်
ရည်ရွယ်ပြီး ရေးပေးထားလို့ 
ဖတ်ကြည့်စေချင်ပါတယ်။ ===========================
'' လောက '' မှာ...
ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း
'' ကိုယ်ပါပဲ ''
ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း
'' ကိုယ်ပါပဲ ''
'' အဓိက '' က ကိုယ့်ရဲ့ '' စိတ် '' ပါပဲ
စိတ် ဆိုတာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။
'' စိတ် ''ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့
'' ဆေးတစ်ခွက် '' ဖြစ်နိုင်ပြီး ……
မကောင်းတဲ့ '' စိတ် ''တွေ ထားမယ်ဆိုရင်တော့
ကြောက်စရာကောင်းတဲ့ '' ဘေး '' အန္တရာယ်
တစ်ခု ဖြစ်သွားနိုင်ပါတယ် ……
ကဲ့ …… အဲ့တော့ အရေးအကြီး ဆုံးက …
မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့ နဲ့
တန်ဖိုး ရှိအောင်နေထိုင်ဖို့ ပဲ မဟုတ်လား……
ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ ကိုင်ထားကြည့်လိုက်ပါ
သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ '' အပူဒဏ် ''ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ ……
သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ် ……
ဒီလိုပဲ …… သင်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေးနေသ၍ စိတ်ညစ်စရာတွေဟာ
ပိုကြီးထွားလာပြီး … သင်ဆက်ပြီး စိတ်ဆင်းရဲနေရဦးမှာပါ……
ဒါတွေကို မတွေးတော့ပဲ … ဖြေရှင်းဖို့ နည်းလမ်းရှာမှသာ ………အဆင်ပြေမှာပါ ……
တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ် တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက်
အစရှိတယ် …… စိတ်ညစ်မှု့မျိုးဆုံပေါ့။
ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ ……
ကိုယ် ကို ကိုယ် ……
'' ပြစ်ဒဏ် '' ပေး အကျဉ်းချနေတာပါ ……
'' အဓိက '' ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်းလမ်းရှာဖို့ ပါပဲ
'' အကျိုးရှိရင် အကြောင်းရှိသလို ''
အခက်အခဲ ရှိရင် ဖြေရှင်းလို့ ရမဲ့ နည်းလမ်းဆိုတာရှိစမြဲပါ …
သင်တို့ လွန်ခဲ့တဲ့ ၂ / ၃ နှစ်တုန်းကလည်း စိတ်ညစ်ဖူးမှာပါ
ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ ဖြစ်သွားတာပဲလေ ……
အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။
အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။ ……
'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ ………®
'' ကိုယ့် ကို ကိုယ် '' သေကြောင်းကြံတဲ့ နည်းနဲ့ ဖြေရှင်းမှားလား ……??
ဒါဆို သင် '' လုံလောက်တဲ့ '' ရင့်ကျက်မှု့မရှိသေးလို့ ဆိုတာ မမေ့ပါနဲ့
" လုံလောက်တဲ့ " ရင့်ကျက်မှု့ရှိသူတိုင်းဟာ '' ကိစ္စတိုင်း ''ကို ထည့်တွက်မနေကြပါဘူး
'' ပူလောင်မှု့'' ကိုခံစားနေရတယ် ဆိုတာ ''မေတ္တာ'' စိတ်မရှိလို့ ပါ
ပြီးတော့ ''အတ္တ'' စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို ''ရှေ့ တန်း ''တင်ပေးနေတာ
ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာတွေနဲ့ ဝေးသွားအောင် …… ဒီလိုစိတ်ထားကြည့်ပါ ………
{ ၁ }ခွင့်လွှတ်နားလည်ပေးကြည့်ပါ
{ ၂ }ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ
{ ၃ }အကောင်းမြင်စိတ်လေးနဲ့ အကောင်းမြင်ပေးပါ ……
အရင်ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ '' အမှား ''ကို မေ့ပစ်ခြင်းဟာ လည်း
အကောင်းဆုံး ''ဂလဲ့စား'' ချေခြင်းတစ်မျိုးပါပဲ ……
'' လောက '' ကြီးက '' စိန်ခေါ်မှု့'' တွေ အရမ်းများတယ် …… ဆုံးရှုံးမှု့ဒဏ်တွေ / ဝမ်းနည်းကြေကွဲမှု့ ဒဏ်တွေ / ကို သင်မခံနိုင် ရင် '' စိန်ခေါ်မှု့'' တွေ များတဲ့ '' လောက'' ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မလည်း ………??? စဉ်းစားပါ
'' ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ '' တဲ့
မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး …
( သူလည်းအားချင်မှအားမှာလေ )
'' မုန်တိုင်း '' ပြီးရင်တော့ '' လေပြေ '' ရောက်လာစမြဲပါ ……
'' အကောင်းဆုံး ''တွေ လာဖို့  အဆိုးတွေ အရင် လာလည်တာပါ ……
'' နေရိပ် '' ကို လိုချင်လို့ နေပူထဲ ရပ်စောင့်နေရပါလားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ
ငါ '' ပေ '' ဖြစ်နေလို့ ခံနေရတာ '' တူ ''ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ ..……
လူဘဝ ဆိုတာ တစ်ကယ်တော့ '' ခနတာ '' လေးပါ အဲ့ထဲမှာ
သင်က ……
ထမင်းစားဖို့ အသက်ရှင်နေတာလား ……?
အသက်ရှင်ဖို့  ထမင်းစားနေတာလား …… ?
ဆိုတာ အရင်တွေးပါ .……
''ကာဗွန် '' ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့ ……
တန်ဖိုးရှိတဲ့ '' စိန် '' ပဲ ဖြစ်အောင်ပဲကြိုးစားပါ ……
သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /
ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ '' ပရဟိတ '' တွေများများလုပ်ပါ
များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်းထားပါ / "ရိုးသားစွာ" ကြိုးစားပါ ……
ကဲ .… ဒါဆို သင် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိစွာနေထိုင်နိုင်တဲ့ '' လူ '' တစ်ယောက်ဖြစ်သွားနိုင်ပါပြီ။
#အညာသားစွယ်စုံကျမ်း
Monday, March 26, 2018
❄၀ိနည်း အကျည်းချုပ် ( ၂၂၇ ) သွယ်❄ 💫💫💫💫💫💫💫💫💫💫💫
❄၀ိနည်း အကျည်းချုပ် ( ၂၂၇ ) သွယ်❄
💫💫💫💫💫💫💫💫💫💫💫
(ပါရာဇိက(၄)ပါး)
🔛🔛🔛🔛
၁။မေထုန်မကျင့်ရ
၂။သူတစ်ပါးဥစ္စာမခိုးရ
၃။လူမသတ်ရ၊မသတ်ခိုင်းရ
၎။ဈာန်မဂ်၊ဖိုလ်မရပဲရသည်ဟုမပြောရ။
(သံဃဒိသိသ်(၁၃)ပါး)
🔛🔛🔛🔛🔛🔛
၅။သုတ်မလွှတ်ရ
၆။အမျိုးသမီးဟူသမျှမကိုင်ရ
၇။အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်းစကားမပြောရ
၈။မေထုန်အလှူ မခံရ
၉။မအောင်သွယ်ရ
၁၀။သံဃာကိုမပန်ကြားဘဲပဏာမလွန်သော
ကျောင်းမဆောက်ရ
၁၁။သံဃာကိုမပန်ကြားဘဲကျောင်းကြီးမဆောက်ရ
၁၂။မြင်ခြင်းကြားမရှိပါဘဲ ပါရာဇိကနှင့်မစွပ်စွဲရ
၁၃။ပြစ်မှားလိုသောစိတ်ဖြစ်နာမည်တူပြု၍
. ပါရာဇိကနှင့်မစွပ်စွဲရ
၁၄။သံဃာကိုသင်းမခွဲရ
၁၅။သင်းခွဲသောသံဃာနောက်မလိုက်ရ
၁၆။ဝိနည်းကံနှင့်အညီဆုံးမသည်ကိုလိုက်နာရမည်
၁၇။ဝိနည်းကံနှင့်မညီသောသစ်သီးပေးခြင်း
. ပန်းပေးခြင်းစသည်တ်ု့ကိုမပြုရ။ဆုံးမသည်ကို
. လိုက်နာရမည်။
အနိယတ၂ပါး(ပါသံစိတ် သံစိတ်)
🔛🔛🔛🔛🔛🔛🔛🔛
၁၈။မျက်ကွယ်ရာ၌ရဟန်းနှင့်မာတုဂါမနှစ်ဦးတည်း
. မနေရ
၁၉။နားကွယ်ရာ၍ရဟန်းနှင့်မာတုဂါမနှစ်ဦးတည်း
. မနေရ။
(နိသဂ္ဂိပါစိတ်(၃၀)ပါး)
🔛🔛🔛🔛🔛🔛
၂၀။သင်္ကန်းကိုအဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ(၁၀)ရက်
. မလွန်စေရ
၂၁။တိစိဝရိတ်သင်္ကန်းနှင့်ညဥ့်ကင်း၍မနေရ
၂၂။ကထိန်ခေတ်မှလွန်၍ရသောသင်္ကန်းကိုတစ်
. လအတွင်းအဓိဋ္ဌာန်တင်ရမည်။
၂၃။ဆွေမျိုးမတော်သောရဟန်းမကိုသင်္ကန်း မဖွတ်စေရ
၂၄။ဆွေမျိုးမတော်သောရဟန်းမ၏သင်္ကန်းကို
. အလှူ မခံရသူကို
၂၅။ဆွေမျိုးမတော်သောသူကိုသင်္ကန်းတောင်းခွှင့်မရှိပဲ
. မတောင်းရ
၂၆။သင်္ကန်းတောင်းခွှင့်ရှိသော်လည်း၂ထည်ထက်
. ပိုမတောင်းရ
၂၇။ဒါယကာတို့ခန့်မှန်းသည်ထက်သင်္ကန်းဖိုးမစီရင်ရ
၂၈။ဒါယကာနှစ်ဦး၏သင်္ကန်းကိုရည်မှန်းသည်ထက်
. ပိုမစီရင်ရ
၂၉။သင်္ကန်းဖိုးကိုသုံးကြိမ်တောင်း၍ခြောက်ကြိမ်ထက်
. ပိုမရပ်ရ
၃၀။ပိုးနှင်ချည်ရော၍အခင်းမပြုရ
၃၁။အမည်း၊အနက်သိုးမွေးကိုအခင်းမပြုရ
၃၂။သိုးမွေးအမည်းကိုလေးဖို့နှစ်ဖို့ထက်မပိုစေရ
၃၃။သိုးမွေးအခင်းကိုသမုတိမရဘဲ(၆)နှစ်အ
. တွင်းမပြုရ
၃၄။အဆာနှင့်နိသိဒိုင်ကိုအခင်းဟောင်းမှတစ်
. ထွာမသွင်းဘဲမပြုရ
၃၅။သိုးမွေးကိုကပ္ပိယမရှိဘဲသုံးယူဇနာထက်
. လွန်၍မယူရ
၃၆။ဆွေမျိုးမတော်သည့်ရဟန်းမကိုသိုးမွေးမဖွတ်ခိုင်းရ
၃၇။ရွှေငွေတို့ကိုမကိုင်ခံရ
၃၈။အရောင်းအဝယ်မပြုရ
၃၉။အလဲအလှယ်မပြုရ
၄၀။အဓိဌာန်မတင်ဘဲဆယ်ရက်လွန်သော
. သပိတ်ကိုမသုံးရ
၄၁။သပိတ်အကွဲ(၅)ကွဲမရှိပဲသပိတ်မတောင်းရ
၄၂။ထောပတ်၊ဆီ၊ပျား၊တင်လဲတို့ကို(၇)ရက်
. ထက်ပိုမထားရ
၄၃။မိုးရေခံသင်္ကန်းကို(၄)လထက်ပိုမဆောင်ရ
၄၄။ပေးထားသောသင်္ကန်းကိုစိတ်ဆိုး၍ပြန်မတောင်းရ
၄၅။ချည်ကိုတောင်း၍မယက်ခိုင်းရ
၄၆။အမျိုးတော်ခြင်းဖိတ်ခြင်းမရှိဘဲရည်မှန်းကာမျှ
. သင်္ကန်းကိုဝင်၍မစီရင်အပ်
၄၇။သင်္ကန်းကာလကို(၅)ရက်ထက်မလွန်ရ
၄၈။သမ္မုတိမရဘဲတိစီသရိတ်သင်္ကန်းနှင့်(၆)ညဥ့်
. မကင်းရ
၄၉။သံဃာညီညွတ်ပြီးသားလာဘ်ကိုမိမိသို့
. မညွတ်စေရ။
(သုဒ္ဓပါစိတ်(၉၂)ပါး)
🔛🔛🔛🔛🔛
၅၀။မုသားမပြောရ
၅၁။မဆဲရ
၅၂။ကုန်းမတိုက်ရ
၅၃။လူ၊သမဏေနှင့်ပုဒ်ပြိုင်စာမချရ
၅၄။တစ်ကျောင်းတည်း၌လူ၊သမဏေနှင့်(၃)ညဥ့်
. ထက်မအိပ်ရ
၅၅။မာတုဂါမနှင့်တစ်ကျောင်းတည်းမအိပ်ရ
၅၆။မာတုဂါမနှင့်နှစ်ယောက်ချင်း(၆)ခွန်းထက်
. မဟောရ
၅၇။မိမိရသောဈာန်၊မဂ်၊ဖိုလ်ကိုလူ၊သာမဏေအား
. မပြောရ
၅၈။ရဟန်းတစ်ပါး၏သံဃဒိသိသ်ကို လူ၊
. သာမဏေအားမပြောရ
၅၉။မြေကိုမတူးရ
၆၀။သစ်ပင်မခုတ်ရ
၆၁။ရဟန်းတစ်ပါးမေးသည်ကိုပြန်၍မပြောဘဲ မနေရ
၆၂။သမ္မုတိရသောရဟန်းကိုမရှုပ်ချအပ်
၆၃။သံဃိကညောင်စောင်းကိုအပြင်မှာမထားအပ်
၆၄။သံဃိကအိပ်ရာကိုအထဲမှာမထားဘဲမသွားအပ်
၆၅။သံဃိကကျောင်း၌အိပ်နေသောရဟန်းကိုနှိုး၍
. မအိပ်ရ
၆၆။သံဃိကကျောင်းမှအမျက်ထွက်၍နှင်မထုတ်ရ
၆၇။စို့မရိုက်သောညောင်စောင်းကိုမထိုင်ရ
၆၈။စိမ်းစိုသောကောက်ပဲမရှိရာ၌အမိုးသုံး
. ဆင့်ထက်ပို၍အင်္ဂဒေမလိမ်းကျံရ
၆၉။ပိုးရှိသောရေကိုမြေပေါ်၊မြက်ပေါ်မသွန်ရ
၇၀။သမ္မုတိမရဘဲနှင့်ရဟန်းမအားမဆုံးမရ
၇၁။သမ္မုတိရသော်လည်းနေဝင်လျှင်မဆုံးမရ
၇၂။မနာဖျားဘဲရဟန်းမတို့၏ကျောင်းသို့သွား
. ၍မဆုံးမအပ်
၇၃။ရဟန်းမများအားဆုံးမသောမထေရ်ကြီးများကို
. မကဲ့ရဲ့အပ်
၇၄။ရဟန်းမများကိုသင်္ကန်းမပေးအပ်
၇၅။ရဟန်းမကိုသင်္ကန်းချုပိမပေးရ
၇၆။ရဟန်းမနှင့်တိုင်ပင်၍ခရီးမသွားရ
၇၇။ရဟန်းမနှင့်တိုင်ပင်၍လှေမစီးရ
၇၈။ရဟန်းမစီစဉ်သောဆွမ်းမစားရ
၇၉။အမျိုးသမီးနှင့်နှစ်ယောက်ချင်းမနေရ
၈၀။ဧည့်သည်အတွက်ဆွမ်းကိုတစ်ကြိမ်ထက်ပို၍
. မစားရ
၈၁။ရဟန်း(၄)ပါးထိုင်နေသည့်အခါ၌ထမင်းစား
. ဖိတ်လျှင်မစားရ
၈၂။ရှေးဦးဒါယကာ၏ဆွမ်းကိုမစားဘဲနောက်
. ဆွမ်းကိုမစားရ
၈၃။လက်ဆောက်မုန့်များသုံးသပိတ်ထက်ပို၍
. အလှူ မခံရ
၈၄။စားနေတုန်းဆွမ်း၊ခဲဘွယ်ဘောစဉ်တို့ကိုပယ်လျှင်
. နောက်ထပ်မစားရ
၈၅။ပဝါရိတ်သင့်သောရဟန်းအားစွပ်စွဲလို၍
. ဆွမ်းစားမဖိတ်ရ
၈၆။နေလွဲသောအခါညစာမစားရ
၈၇။သိုမှီးထား၍ဘောစဉ်ကိုမစားရ
၈၈။မနာမဖျားဘဲမွန်မြတ်သောဘောစဉ်ကိုတောင်းမစားရ
၈၉။အကပ်မခံဘဲဘာကိုမျှမစားရ
၉၀။ပရိဗိုရ်ကိုဘောစဉ်မပေးရ
၉၁။ဆွမ်းခံရာ၌မာတုဂါမနှင့်စကားပြောလို၍
. အဖော်ရဟန်းက်ုပြန်မလွှတ်ရ
၉၂။အကြင်လင်မယားအခန်း၌မနေရ
၉၃။မျက်စီကွယ်ရာ၌မိန်းမနှင့်နှစ်ယောက်ချင်းမနေရ
၉၄။နားကွယ်ရာ၌မိန်းမနှင့်နှစ်ယောက်ချင်းမနေရ
၉၅။ဆွမ်းစားပင်ဖိတ်သောအိမ်မှတပါးအခြားအိမ်သို့
. မလှည့်ရ
၉၆။ဆေးပစ္စည်းကိုဖိတ်ကြားထားသည်ထက်
. လွန်၍မတောင်းရ
၉၇။အဂါင်္(၄)ပါးရှိသောစစ်ဒရိန်းပြရာသို့သွား၍
. မကြည့်ရ
၉၈။အကြောင်းရှိ၍စစ်မြေပြင်သို့သွားသော်(၇)
. ရက်ထက်မလွန်ရ
၉၉။စစ်ဆင်ရာအရပ်သို့မသွားရ
၁၀၀။ယစ်မျိုးငါးပါးမသောက်ရ
၁၀၁။ရဟန်းချင်းချိုင်းထိုးကျီစားရ
၁၀၂။ရေထဲမှာမကစားရ
၁၀၃။သိက္ခာကြီး၊ဝါတော်ကြီးကိုမရိုသေမနေရ
၁၀၄။ရဟန်းချင်းမလှန့်မခြောက်ရ
၁၀၅။ရဟန်းသည်မနာမဖျားဘဲမီးမမွှေးရ
၁၀၆။မဇ္စျိမဒေသ၍နေသောရဟန်းသည်(၁၅)
ရက်တစ်ကြိမ်ရေချိုးရမည်
၁၀၇။ဗိန္ဓုမထိုးဘဲသင်္ကန်းမဝတ်ရ
၁၀၈။ဝိကပ္ပနပြုသည့်သင်္ကန်းကိုဝိကပ္ပနမပြန်ဘဲ
. မသုံးရ
၁၀၉။ပရိက္ခရာရှစ်ပါးကိုမဝှက်ရ၊မကျီစားရ
၁၁၀။ပိုး၊တိရိစ္ဆာန်တို့ကိုမသတ်ရ
၁၁၁။ပိုးရှိသောရေကိုမသောက်ရ
၁၁၂။ငြိမ်းအေးပြီးသောအဓိကရုဏ်းကိုမချောက်
. ချားစေရ
၁၁၃။ရဟန်းတစ်ပါး၏သံဃဒိသိသ်အာပတ်ကို
. မဖုံးကွယ်ရ
၁၁၄။အသက်(၂၀)မပြည့်သောသူအားရဟန်းမခံစေရ
၁၁၅။ခိုးသား၊ဓားမြနှင့်တိုင်ပင်၍ခရီးမသွားရ
၁၁၆။အမျိုးသမီးများနှင့်တိုင်ပင်၍ခရီးမသွားရ
၁၁၇။မိစ္ဆာဒိဋ္ဌိဝါဒများကိုမယူရ
၁၁၈။မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍နှင့်ထုတ်အပ်သော
. ရဟန်းနှင့်ဓမ္မသမ္ဘောဂ၊အာဝါသ,သမ္ဘောဂမပြုရ
၁၁၉။မိစ္ဆာဒိဋ္ဌိဝါဒကိုမစွန့်၍နှင်ထုတ်အပ်သော
. သာမဏေနှင့်ဓမ္မသမ္ဘောဂ၊အာဝါသ,သမ္ဘောဂ
. မပြုရ
၁၂၀။ဝိမည်းဓိုရ်များ၏စကားကိုရိုသေစွာနား
ထာင်ရမည်
၁၂၁။သိက္ခာပုဒ်များကိုမကဲ့ရဲ့ရ
၁၂၂။ပါတိမောက်ပြရာ၌ပြောင်လှောင်မှုမပြုရ
၁၂၃။ရဟန်းချင်းမရိုက်နှက်ရ
၁၂၄။ရဟန်းကိုလက်ဖြင့်မရွယ်ရ
၁၂၅။လူ၊သာမဏေတို့ကိုအရိုက်နှက်ရ
၁၂၆။ရဟန်းကိုနှလုံးမသာအောင်မပြောရ
၁၂၇။ရဟန်းချင်းရန်ဖြစ်ဖြစ်နေသည်ကိုချောင်း
၍နားမထောင်ရ
၁၂၈။ဆန္ဒမဲပေးပြီးမကဲ့ရဲ့ရ
၁၂၉။ဝိနည်းကံကိုဆန္ဒမပေးဘဲမသွားရ
၁၃၀။တိုင်ပင်၍သင်္ကန်းပေးပြီးမှမကဲ့ရဲ့ရ
၁၃၁။သံဃာအားညီညွတ်ပြီးသောလာဘ်ကို
ပုဂ္ဂိုလ်သို့မညွတ်စေရ
၁၃၂။မင်း၊မိဖုရားအိပ်ခန်းထဲမဝင်ရ
၁၃၃။ကျောင်းအရံအပြင်ဘက်ရတနာကိုမ
ကောက်ရ
၁၃၄။ထင်ရှားရှိသောရဟန်းကိုမပန်ကြားဘဲ
နေလွဲရွာဝင်မသွားရ
၁၃၅။ဆင်စွယ်ကိုအပ်ကျည်မလုပ်ရ
၁၃၆။တစ်တောင့်ထွာထက်ပိုမြင့်သောညောင်
စောင်း၌မအိပ်ရ
၁၃၇။ညောင်စောင်းထဲမှာလဲထည့်၍မလုပ်ရ
၁၃၈။အလျားနှစ်ထွာ၊အနံတစ်ထွာခွဲ၊အဆာတစ်
ထွာခွဲထက်ပို၍နိသိဒိုင်မပြုလုပ်ရ
၁၃၉။အမာလွှမ်းသင်္ကန်းကိုအလျား(၄)ထွာ၊အနံ
. (၂)ထွာထက်မပိုရ
၁၄၀။မိုးရေခံသင်္ကန်းကိုအလျား(၆)ထွာ၊အနံ
. (၂)ထွာထက်မပိုရ
၁၄၁။ဘုရားသင်္ကန်းပမာဏကိုမပြုရ။
(ပါဋိဒေသနီ(၄)ပါး)
🔛🔛🔛🔛🔛
၁၄၂။ရဟန်းမ၏ဘောစဉ်ကိုမိမိလက်ဖြင့်မယူရ
၁၄၃။ဒါယကာများဆွမ်းကျွေးရာရဟန်းမများဝင်
၍စီစဉ်လျှင်မောင်းမဲတားမြစ်ရမည်။
၁၄၄။သမ္မုတိရသောသေက္ခအိမ်ကိုဆွမ်းမခံရ
၁၄၅။ဘေးရန်ရှိသည်ကိုမပြောကြားဘဲအရံတွင်း
. ၌မိမိလက်ဖြင့်ဘောစဉ်ကိုမခံယူအပ်။
(သေခိယ(၇၅)ပါး)
🔛🔛🔛🔛🔛
၁၄၆။သက္ခန်းကိုညီညီဝတ်ရမည်
၁၄၇။သက္ခန်းကိုညီညီရုံရမည်
၁၄၈။လည်၊လက်ကောက်ဝတ်ဖုံးလျက်ရွာထဲ
. သွားရမည်
၁၄၉။လည်၊လက်ကောက်ဝတ်ဖုံးလျက်ရွာထဲမှာ
. နေရမည်
၁၅၀။မျက်စိဣနြေ္ဒစောင့်၍ရွာထဲမှာသွားရမည်
၁၅၁။မျက်စိဣနြေ္ဒစောင့်၍ရွာထဲမှာနေရမည်
၁၅၂။မျက်လွှာချ၍ရွာထဲမှာသွားရမည်
၁၅၃။မျက်လွှာချ၍ရွာထဲမှာနေရမည်
၁၅၄။သင်္ကန်းကိုပင့်၍ရွာထဲမှာမနေရ
၁၅၅။သင်္ကန်းကိုပင့်၍ရွာထဲမှာမသွားရ
၁၅၆။ရွာထဲမှာကျယ်ကျယ်ရယ်၍မသွားရ
၁၅၇။ရွာထဲမှာကျယ်ကျယ်ရယ်၍မနေရ
၁၅၈။ရွာထဲမှာကျယ်ကျယ်စကားပြော၍မသွားရ
၁၅၉။ရွာထဲမှာကျယ်ကျယ်စကားပြော၍မနေရ
၁၆၀။ရွာထဲမှာကိုယ်ကိုလှုပ်၍မသွားရ
၁၆၁။ရွာထဲမှာကိုယ်ကိုလှုပ်၍မနေရ
၁၆၂။ရွာထဲမှာလက်ရုံးကိုလှုပ်၍မသွားရ
၁၆၃။ရွာထဲမှာလက်ရုံးကိုလှုပ်၍မနေရ
၁၆၄။ရွာထဲမှာဦးခေါင်းကိုလှုပ်၍မသွားရ
၁၆၅။ရွာထဲမှာဦးခေါင်းကိုလှုပ်၍မနေရ
၁၆၆။ရွာထဲမှာခါးထောက်လျက်မသွားရ
၁၆၇။ရွာထဲမှာခါးထောက်လျက်မနေရ
၁၆၈။ရွာထဲမှာခေါင်းမြီးခြုံ၍မသွားရ
၁၆၉။ရွာထဲမှာခေါင်းမြီးခြုံ၍မနေရ
၁၇၀။ရွာထဲမှာခြေဖျားထောက်၍မသွားရ
၁၇၁။ရွာထဲမှာလက်ဖြင့်ဒူးကိုပိုက်၍၎င်း
သင်္ကန်းပတ်၍၎င်းမနေရ
၁၇၂။မရိုမသေဆွမ်းမခံရ
၁၇၃။သပိတ်၌အမှတ်ထား၍ဆွမ်းခံရမည်
၁၇၄။လေးပုံတစ်ပုံထက်ပို၍ဆွမ်းဟင်းမခံရ
၁၇၅။သပိတ်အနားရေးထက်ဆွမ်းမခံရ
၁၇၆။ဆွမ်းကိုရိုသေစွာစားရမည်
၁၇၇။သပိတ်ထဲ၌အမှတ်မထားဘဲမထားရ
၁၇၈။ဆွမ်းကိုအစဉ်လိုက်စားရမည်
၁၇၉။ဆွမ်း၏လေးပုံတစ်ပုံထက်ပို၍ဆွမ်းဟင်းကို
မစားရ
၁၈၀။ဆွမ်းဦးကိုနှိပ်၍မစားရ
၁၈၁။ဟင်းလျာများကိုဆွမ်းနှင့်ဖုံး၍မစားရ
၁၈၂။မနာဖျားဘဲဟင်းလျာတောင်း၍မစားရ
၁၈၃။ကဲ့ရဲ့လို၍သူတစ်ပါးသပိတ်ကိုမကြည့်ရ
၁၈၄။ဆွမ်းလုတ်ပမာဏထက်မလွန်ရ
၁၈၅။ဆွမ်းလုပ်ကိုအဝန်းညီအောင်ပြု၍စားရမည်
၁၈၆။ဆွမ်းမရောက်ခင်ခံတွင်းမဖွှင့်ရ
၁၈၇။ဆွမ်းစားလျက်ခံတွင်းဖွှင့်ထားခြင်းမပြုရ
၁၈၈။ဆွမ်းစားလျက်စကားပြောခြင်းမပြုရ
၁၈၉။ဆွမ်းလုတ်ကိုမြောက်၍မစားရ
၁၉၀။ဆွမ်းလုပ်ကိုဖြတ်၍မစားရ
၁၉၁။ပါးစောင်၌ဆွမ်းလုပ်ငုံ၍မစားရ
၁၉၂။ဆွမ်းစားရင်းလက်မခါရ
၁၉၃။ဆွမ်းလုံးကိုကြဲ၍မစားရ
၁၉၄။လျှာထုတ်၍ဆွမ်းစားခြင်းမပြုရ
၁၉၅။ပျတ်ပျတ်မြည်အောင်ဆွမ်းမစားရ
၁၉၆။ရှပ်ရှပ်မြည်အောင်ဆွမ်းမစားရ
၁၉၇။လက်ကိုလျက်၍ဆွမ်းမစားရ
၁၉၈။သပိတ်ကိုခြစ်၍ဆွမ်းမစားရ
၁၉၉။နှုတ်ခမ်းလျက်၍ဆွမ်းမစားရ
၂၀၀။ဆွမ်းလုံးပေကျံသောလက်နှင့်ရေခွက်ကို
မကိုင်ရ
၂၀၁။သပိတ်ဆေးရေကိုရွာထဲမှာမသွန်ရ
၂၀၂။ထီး လက်၌ရှိသောသူကိုတရားမဟောရ
၂၀၃။တုတ် လက်၌ရှိသောသူကိုတရားမဟောရ
၂၀၄။ဓား လက်၌ရှိသောသူကိုတရားမဟောရ
၂၀၅။လေး လက်၌ရှိသောသူကိုတရားမဟောရ
၂၀၆။ခြေနင်းစီးထားသောသူကိုတရားမဟောရ
၂၀၇။ဖိနပ်စီးထားသောသူကိုတရားမဟောရ
၂၀၈။ယဉ်စီး၍နေသောသူကိုတရားမဟောရ
၂၀၉။အိပ်ရာနေရာ၌နေသောသူကိုတရားမဟောရ
၂၁၀။အာယောဂပတ်ဖွဲ့သူကိုတရားမဟောရ
၂၁၁။ဦးရစ်ခေါင်းပေါင့းထားသူကိုတရားမဟောရ
၂၁၂။အိပ်ယာနေရာထက်၌နေသောသူကိုတရား
. မဟောရ
၂၁၃။ခေါင်းမြီးခြုံထားသူကိုတရားမဟောရ
၂၁၄။နိမ့်ရာကနေ၍မြင့်ရာ၌နေသောသူကိုတရား
. မဟောရ
၂၁၅။ရပ်လျက်ထိုင်နေသောသူကိုတရားမဟောရ
၂၁၆။ရှေ့ကသွားသောသူကိုနောက်ကလိုက်၍
. တရားမဟောရ
၂၁၇။လမ်းကိုသွားသောသူကိုလမ်းမဟုတ်ရာက
. တရားမဟောရ
၂၁၈။မတ်တတ်ရပ်လျက်ကျင်ကြီးကျင်ငယ်မစွန့်ရ
၂၁၉။မြက်၊သစ်ပင်ရှိရာကျင်ကြီး၊ကျင်ငယ်၊နှပ်၊
. တံတွေးမစွန့်ရ
၂၂၀။ရေထဲမှာကျင်ကြီး၊ကျင်ငယ်၊နှပ်၊တံတွေး
. မစွန့်ရ(နာဖျားသောပုဂ္ဂိုလ်တို့ကိုမူဟောပြော
. တရားပြခြင်း၊နာဖျားချိန်၌ကျင်ကြီး၊ကျင်ငယ်၊
. နှပ်၊တံတွေးစွန့်ပစ်ခြင်းတို့ကိုခွှင့်ပြုပါသည်)
(အဓိကရဏသမထ(၇)ပါး)
🔛🔛🔛🔛🔛🔛🔛
၂၂၁။သံဃာဝတ္ထု၏ဟုတ်မှန်ခြင်း၊ဓမ္မဝိနည်းတို့၏
. မျက်မှောက်ရှိသည်၏အဖြစ်ဟူသောသမ္မုခါ
. ဝိနည်း
၂၂၂။ရဟန္တာပုဂ္ဂိုလ်အားပေးအပ်သောသတိဝိနည်း
၂၂၃။ရူးသောရဟန်းအားပေးအပ်သောအမူဠဝိနည်း
၂၂၄။ဝန်ခံသဖြင့်ငြိမ်းစေအပ်သောပဋိညာတကာ
. ရေတဗ္ဗဝိနည်း
၂၂၅။ဓမ္မဝါဒီရဟန်းများရာသို့လိုက်၍ပြုအပ်သော
. ယျေ ဘုယျဝိနည်း
၂၂၆။ယုတ်မာသောရဟန်းအားပေးအပ်သော
. တဿဝါသိယသိကဝိနည်း
၂၂၇။မစင်ကိုမြက်ဖြင့်ဖုံးလွှမ်းသကဲ့သို့
တိဏဝတ္တာရကဝိနည်း
🔯ကျမ်းမှီး🔯
၁။ဘုရားဥပဒေတော်ကြီး၊"အရှင်ဇနကာဘိဝံသ"
၂။ပါတိမောက်ဘာသာဋိကာ၊"အရှင်ဇနကာ
. ဘိဝံသ"
၃။နိဗ္ဗာန်လမ်းညွှန်ကျမ်း"ဘဒ္ဒန္တပညာသာရ"
၎။ဝိနည်းတော်ဥပဒေတော်ကြီး"အရှင်သြဘာသ"
၅။ဖားအောက်တောရဆရာတော်ကြီး၏ဝိနည်း
. ဥပဒေဆိုင်ရာဟောကြားတိတ်ခွေများ။
ဓမ္မဒါန...မှကူးယူဖော်ပြပါသည်
ဝိနည်းတော်ထဲမပါဘဲဒေဝဒတ်၏ဘုရားထံ
တောင်းဆိုသောဥပဒေများကိုအောက်တွင်ဖော်
ပြလိုက်ပါသည်။
ဒေဝဒတ်တောင်းဆိုသောအချက်(၅)ချက်
🔛🔛🔛🔛🔛🔛🔛🔛🔛🔛
၁။သံဃာတော်များကပ်လှူဆွမ်းအစားခံဆွမ်း
. သာစားရန်။
၂။လှူ သင်္ကန်းအစားပံသကူသာဝတ်ရန်။
၃။ကျောင်းတိုက်အစားသစ်ဝါးရိပ်တွင်သာ
သီတင်းသုံးရန်။
၎။သင်္ကန်းသုံးထည်ထက်ပိုမထားရန်။
၅။သတ်သတ်လွတ်ဆွမ်းဟင်းများသာစားရန်။
🌷အပူခပ်သိမ်းငြိမ်းအေးကြပါစေ🌷
🌷သောကခပ်သိမ်းကင်းငြိမ်းကြပါစေ🌷
👏ချမ်းသာမှုအပေါင်းဖြင့်ပြည့်စုံကြပါစေ👏
🌷ပို့သမေတ္တာရပါစေ🌷
သစ္စာနီ
Credit ဓမ္မရေချမ်းစဉ်